စာရေးသူ

အားလုံးမြင်နိုင်ရန်

စာမူ/ အကြောင်းအရာ များ admin

ကျောက်သားပကတိ

၂၀၀၃ ခုနှစ် မေလအတွင်း ဝမ်းနည်းဖွယ် နေ့တစ်နေ့ ဖြစ်ပေါ်ခဲ့သည်။ သဘာဝတရား၏ ထုဆစ်မှုဖြင့် တည်ရှိဖြစ်ပေါ်ခဲ့သည့် ပေ၄၀ အမြင့် ရှိသည့် အဘိုးအိုမျက်နှာပုံ ကျောက်စိုင်ခဲကြီး သည် တောင်ဘေးသို့ ပဲ့ကျသွားသည်။ ၄င်းသည် နယူးဟမ်ရှိုင်းရှိ ဝှိုက်မောင်းထိန်း သဘာဝ ဥယျာဉ်တွင် တည်ရှိပြီး၊ ကမ္ဘာလှည့် ခရီးသွားများကို ဆွဲဆောင်သော၊ ဒေသခံ ပြည်သူများအတွက် ခိုင်မြဲသော ပြည်နယ်၏အမှတ်အသားတစ်ခု ဖြစ်သည်။ ဤအကြောင်းကို နသဲနီးယား ဟောသွန်း က သူ၏ ဝတ္ထုတိုစာပေ- The Great Stone Face ၌ရေးသားခဲ့သည်။         ထိုကျောက်စိုင်ကြီး ပြိုကျသွားသည်တွင် အနီး ဝန်းကျင်မှလူများမှာ စိတ်ညှိုးငယ်လစ်ဟာစွာ ခံစားကြရသည်။  အမျိုးသမီးတစ်ဦးက  “ကျွန်မဘဝတစ်လျှောက်မှာ တစ်ယောက်ယောက်က ကျွန်မကိုကြည့်နေတယ်လို့ ခံစားပြီး ကြီးပြင်းလာခဲ့တယ်၊ အခုတော့ စောင့်ကြည့်ခံရတဲ့ခံစားချက် လျော့သွားသလိုပဲ”ဟု ဆိုသည်။…

လုံခြုံစွာရှိနေ၏

အမေရိကန်ပြည်ထောင်စု ကန်တပ်ကီ ပြည်နယ်ရှိ ဖော့နော့စ် ရွှေငွေထိန်းသိမ်းရေးဌာန တွင် ဗဟိုအစိုးရထံ တာဝန်လွှဲစိတ်ချအပ်နှံ ထားသည့် အလေးချိန်တန် ၅၀၀၀ ရှိ ရွှေတုံးငွေတုံးများနှင့်အခြားအဖိုးတန်ပစ္စည်းများကို ခေတ်မီသော လုံခြုံမှုစနစ် အကွယ်အကာများနှင့်သိမ်းဆည်းထား သည်။ ဖော့နော့စ် တွင် ၂၂ တန် ထုထည်ရှိသည့် တံခါးကြီးတပ်ဆင်ထားပြီး၊ အချက်ပေးစက်၊ ဗီဒီယို ကင်မရာ၊ မိုင်းဗုံး၊ လျှပ်စစ်စည်းရိုး၊ ဘလိတ်ဓား၊ ဆူးထစ်ပါသောဝါယာ၊ လက်နက်ကိုင် အစောင့် အကြပ်များ၊ လျှို့ဝှက်ရဟတ်ယာဉ်များ စသည့် လုံခြုံရေးစနစ် အထပ်ထပ်ဖြင့် ကာကွယ်ထားသဖြင့် ၄င်းသည် ကမ္ဘာ့အလုံခြုံဆုံးနေရာများအနက် တစ်ခု အပါအဝင် ဖြစ်သည်။
ဖော့နော့စ် ကဲ့သို့ လုံခြုံစိတ်ချရသော နေရာ နောက်တစ်နေရာရှိပြီး ထိုနေရာ၌ ရွှေထက် သာ၍ အဖိုးထိုက်သောအရာများ အပြည့်ရှိသည်။ ထိုနေရာမှာ ကောင်းကင်နိုင်ငံဖြစ်ပြီး၊ ထာဝရအသက်ဟူသော လက်ဆောင်ကို သိမ်းဆည်း ထားသည်။ ရှင်ပေတရုက …

စိတ်အေးအေးထားပြီး ဆက်လုပ်ပါ

“စိတ်အေးအေးထားပြီး အမေ့ကိုခေါ် လိုက်”၊ “စိတ်အေးအေးထားပြီး အသားကင် စားဦး”၊ “စိတ်အေးအေးထားပြီး ရေနွေးတည်ပါ” စသည့်  စကားစုများမှာ “စိတ်အေးအေးထားပြီး ဆက်လုပ်” ဟူသည့် ဆိုရိုးစကားမှ ဖြစ်ပေါ်လာသည်။ ဤ စကားစုသည် ၁၉၃၉ ခုနှစ် ဒုတိယကမ္ဘာစစ် စတင်ချိန်၌ ဗြိတိန်နိုင်ငံမှ ပထမဦးဆုံးစတင် ပေါ်ပေါက်ခဲ့သည်။ စစ်အတွင်း ပြည်သူလူထုတို့ စိုးရိမ်ကြောင့်ကြပြီး စိတ်ဓာတ်ကျခြင်းဘေးမှ ကင်းဝေးအောင် ဗြိတိန်စစ်အရာရှိများက ထို စာသားပါသော ပိုစတာများကို ထုတ်ဝေခဲ့သည်။         ကျွန်ခံရာဘဝမှ ဣသရေလပြည်သို့ ပြန်ရောက်လာသည့် ဣသရေလလူတို့သည် ဗိမာန်တော်ကို ပြန်တည်ကြသည် (ဧဇ ၃း၃)။  ရန်သူများ၏နှောင့်ယှက်မှု၊ ၄င်းတို့၏စိုးရိမ်ကြောက်ရွံ့စိတ်များကို အောင်မြင် ကျော်လွှားရန်လိုအပ်နေသည်။ ဗိမာန်တော်၏အုတ်မြစ်တည်ဆောက်ပြီးနောက် ရန်သူ
များက အကြံပေးသူများကို ငှားရမ်းကာ၊ သူတို့၏အကြံရည်ရွယ်ချက်တို့ကို ဖျက်ဆီးရန် အစိုးရမင်းအရာရှိများထံသို့ စွဲချက်တင်စာများရေးပို့သည် (၄း၅)။ ရန်သူတို့ အကြံအောင်ပြီး…

ရိုးသားဖြောင့်မတ်သော နှလုံးသား

တစ်နေ့တွင် ကျွန်ုပ်သည် သင်္ချိုင်းတစ်ခု၌ ‘ဂျေဟိုးဂိတ် - ရိုးသားဖြောင့်မတ်သောပုဂ္ဂိုလ်´ဟု ရေးထိုးထားသည့် ကမ္ဗည်းစာကို အုတ်ဂူတစ်ခု၌ တွေ့ခဲ့သည်။
‘ဟိုးဂိတ်’အကြောင်း ကျွန်ုပ်ဘာမျှမသိပါ။ သို့သော်လည်း သူ့ကမ္ဗည်းကျောက်စာကို မွမ်းမံ ထားပုံက သူသည် ချမ်းသာကြွယ်ဝကြောင်း ဖော်ပြ နေသည်။ သူ့ဘဝတစ်လျှောက်လုံး သူဘာဘဲ လုပ်ခဲ့လုပ်ခဲ့၊ အဘယ်မျှ အောင်မြင်ခဲ့ပါစေ၊ သူ့ကို ‘ရိုးသားဖြောင့်မတ်သူ’ဟူ၍သာ သတိရစေသည်။
ဂရိအတွေးအခေါ်ပညာရှင် ဒီအိုဂျင်းသည် ရိုးသားဖြောင့်မတ်မှုကို ရှာဖွေရင်း ဘဝအချိန်များ ကုန်လွန်ခဲ့ပြီး၊ ရိုးသားဖြောင့်မတ်သူကို ဘယ်မှာမှ ရှာဖွေ၍ မတွေ့ကြောင်း ကောက်ချက်ချခဲ့သည်။ မည်သည့်ခေတ်မဆို ရိုးသားဖြောင့်မတ်သူများကို တွေ့ရခဲပါသည်။ ရိုးသားဖြောင့်မတ်ခြင်းသည် အလွန်အရေးကြီးသောအချက်ပါ။  ၄င်းသည် အကောင်းဆုံးမူဝါဒဖြစ်ခြင်းထက် လက်ကိုင်ထားရမည့် တစ်ခုတည်းသော ဆောင်ပုဒ်ပင်ဖြစ်သည်။ ၄င်းသည် ဘုရားမျက်မှောက်တော်၌ အသက်ရှင်သူ လူယောက်ျား၊ မိန်းမတိုင်း၏အမှတ်လက္ခဏာ တစ်ခုအပါအဝင်ဖြစ်သည်။ ဒါဝိဒ်က “အိုထာဝရဘုရား၊ သန့်ရှင်းသောတောင်တော်ပေါ်မှာ အဘယ်သူသည် နေရပါမည်နည်း..…

ဂုဏ်ပြု သရဖူများ

ရတနာဖြင့် စီခြယ်ထားသည့် အင်္ဂလန် နိုင်ငံ၏သရဖူများကို လန်ဒန်မျှော်စင်တွင် ၂၄နာရီ အစောင့်အကြပ်ဖြင့် လုံခြုံစွာ စောင့်ရှောက်ထား သည်။ ထိုကျောက်မျက်တန်ဆာများကို နှစ်စဉ် လူသန်းပေါင်းများစွာတို့ လာရောက်ကြည့်ရှုကြပြီး  အံ့ဩမှင်တက်ခံစားကြရသည်။ ထိုအဖိုးတန် ရတနာသရဖူများက  နိုင်ငံ၏တန်ခိုးအာဏာ ကြီးခဲ့ပုံနှင့် သူရဖူဆောင်းခဲ့သည့် ဘုရင်တို့၏ ဂုဏ်ရှိန်ဩဇာကို ဖော်ပြနေသည်။
ရတနာသရဖူများမှာ သူ့အလှနှင့် သူဖြစ်သည်။ ထိုမျှော်စင်တွင် ရတနာသရဖူသုံးမျိုး တွေ့နိုင်သည်။ ဘုရင်ရာထူးကို ဆက်ခံသည့်အခါ  ဆောင်းသည့် ဘိသိက်သရဖူ၊ အခမ်းအနား အမျိုးမျိုးအတွက် ဦးသျှောင်သရဖူ (သို့) အလှသရဖူနှင့် တိုင်းပြည်ကို အုပ်ချုပ်သည့် ဘုရင်၏ မိဖုရားဆောင်းသည့် ကြင်ရာတော်သရဖူတို့ဖြစ်သည်။ မတူညီသည့်သရဖူများက ကွဲပြားသလို အသုံးပြုသည့် ရည်ရွယ်ချက်လည်း ကွဲပြားသည်။
အမြင့်ဆုံးဂုဏ်ပြုခြင်းကိုခံထိုက်ပြီး အကြီးမြတ်ဆုံးသရဖူကိုဆောင်းထိုက် သည့် ကောင်းကင်ဘုံရှင်ဘုရင်သည် တစ်မူထူးလျက်ကွဲပြားခြားနားသော သရဖူတစ်မျိုး ကို ဆောင်းခဲ့သည်။ ကားစင်တင်မခံရမီ အရှက်ခွဲခြင်းနှင့်ဝေဒနာကို ခံစားနေရသည့် အချိန်တွင်…

စေတနာကောင်းသောဘုရား

လွန်ခဲ့သော နှစ်များစွာက ကျွန်ုပ်တို့ မိသားစု ချီကာဂို၌ နေထိုင်ခဲ့ရာ ပျော်ရွှင်စရာများစွာ ခံစားခဲ့ကြရသည်။ စားစရာများကို ပွဲကြီးပွဲသေး အပြိုင်အဆိုင်ရောင်းချသည့် စားသောက်ဆိုင်များ ရှိခြင်းက ပျော်စရာအကောင်းဆုံးပါ။ အီတလီ စားသောက်ဆိုင်တစ်ခုတွင် ကျွန်ုပ်တို့ဇနီးမောင်နှံ သည် ကျွန်ုပ်တို့အကြိုက်ဆုံး ဂျုံဟင်းပွဲတစ်ဝက်ကို မှာစားရာ များလွန်း၍ နောက်နေ့ညစာအတွက် ပါဆယ်ပင် ထုပ်သွားရသည်။ ရက်ရောလှသည့် ဟင်းပွဲက မေတ္တာဖြင့် ချက်ကျွေးသော အဘွားအိမ် ရောက်နေသကဲ့သို့ ခံစားရစေသည်။
ကောင်းကင်ဘုံရှင်အဖဘုရားသည် ကျွန်ုပ်တို့အပေါ် သူ၏ကျေးဇူးတော်ကိုကြွယ်ဝစွာ သွန်းလောင်းကြောင်းကို ဖတ်ရသောအခါ ထို ရက်ရောသော မေတ္တာကို ကျွန်ုပ်ခံစားရသည်။ ကိုယ်တော်သည်  “ကျွန်ုပ်တို့ တောင်းပန်ကြံစည် သမျှထက် အလွန်ထူးခြားစွာ ပြုပြင်ခြင်းငှာ တတ်နိုင်တော်မူသောဘုရားသခင်” (ဧ ၃း၂၀) ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ဘုရားသခင်သည်  ကောင်းချီးအပိုင်းအစလေးများကိုသာ ပေးတတ်သော တွန့်တိုသည့် ဘုရားမဟုတ်သည့်အတွက်  ကျွန်ုပ်အလွန်ကျေးဇူးတင်မိ သည်။ ကိုယ်တော်သည်…

သွားကိုက်ခြင်းမှ သင်ခန်းစာ

Mere Christianity အမည်ရှိ စာအုပ်တွင် ဆရာကြီး စီအက်စ် လူးဝစ်က  ဤသို့ ရေးသားထားသည်။ “ကျွန်ုပ်ကလေးဘဝက မကြာခဏ သွားကိုက်လေ့ရှိသည်။ အမေ့ထံ သွားပါက ထိုညအတွက် အိပ်ပျော်အောင် အကိုက်အခဲပျောက်ဆေးပေး၍ အိပ်ခိုင်းမည်ကို ကျွန်ုပ်သိသည်။ သို့သော် မခံနိုင်လောက်အောင် မကိုက်မချင်း မိခင်ဆီမသွားပါ။ ထိုအခါ နောက်နေ့မနက်တွင် အမေက သွားဆရာဝန်ထံ ကျွန်ုပ်ကိုခေါ်သွားတော့မည်။ ချက်ချင်းသွားကိုက် ပျောက်ချင်သော်လည်း သွားနှင့်သွားဖုံးပြန်ကောင်း လာအောင်မလုပ်ဘဲ သွားကိုက်ပျောက်မည် မဟုတ်ပေ။"
ထိုနည်းတူစွာ ကျွန်ုပ်တို့ပြဿနာ တစ်ခုခုနှင့်ကြုံတွေ့ရသောအခါ၊ (သို့) အခြေအနေတစ်ခုခုတွင် ရုန်းကန်ရသောအခါ ဘုရားထံသို့ ကျွန်ုပ်တို့ချက်ခြင်း မသွားချင်ပါ။ ကျွနု်ပ်တို့၏ နာကျင်မှုကို ချက်ချင်း သက်သာစေရန် ကိုယ်တော်လုပ်ဆောင်ပေးနိုင်သော်လည်း ပြဿနာ၏အရင်းအမြစ်ကို ဖြေရှင်းရန် ကိုယ်တော်ပိုမို စိတ်ဝင်စားသည်။ ကျွန်ုပ်တို့ရင်ဆိုင်ရန် အသင့်မဖြစ်သေးသော၊ ကျွန်ုပ်တို့ မရင်ဆိုင်ချင်သော ပြဿနာများကို ကိုယ်တော်ဖွင့်ချမှာကို ကျွန်ုပ်တို့ကြောက်ရွံ့ ကြသည်။…

ကျွန်ုပ်တို့ဘာလိုချင်သနည်း ဆာ ၇၃း၁-၃၊ ၂၁-၂၈

အသင်းတော် ဝတ်ပြုခြင်းတွင် သီဆိုရမည့် ဓမ္မတေးများနှင့် ထပ်ကျော့ပိုဒ်များ၏ သီချင်းစာသားများအားလုံးကို သူမ လိုက်မဆို ကြောင်း ကျွန်မသူငယ်ချင်း မေရီက ပြောပါသည်။  “သီချင်းစာသားအတိုင်း လိုက်ဆိုရတာ စိတ်ရင်း အတိုင်းမှမဟုတ်တာ၊ ယေရှုကိုသာ အလိုရှိသည်လို့ ဆိုနေပေမယ့် စိတ်က အခြားအရာတွေကို လိုချင် နေတာလေ”ဟု သူမက ပြောသည်။ သူမ၏ ရိုးသားမှုကို ကျွန်မသဘောကျမိသည်။
(ဆာ ၇၃း၂၅) ၌ အာသပ်မင်းသည် ဘုရားကိုသာအလိုရှိသည့် ဝိညာဉ်ရေးရာ ရင့်ကျက်သူတစ်ဦးပမာ “မြေကြီးပေါ်မှာလည်း၊ ကိုယ်တော်မှတစ်ပါး မည်သူ့ကိုမျှအလိုမရှိပါ” ဟု စပ်ဆိုထားသည်။ သို့သော် ဤအချက်ဖြင့် (ဆာလံ ၇၃) ကို အစပြုထားခြင်းမဟုတ်ပါ။ အစပိုင်းတွင် သူ့ဝန်းကျင်ရှိ အခြားသူများ၏ စည်းစိမ်ကို လိုချင်ခဲ့ကြောင်း သူဝန်ခံထားသည်။ “မတရားသောသူတို့၏စည်းစိမ်ကို မြင်သောအခါ မိုက်သောသူတို့ကိုပင် ငါငြူစူမိပြီ” (း၃)။ သို့သော် ဘုရားသခင်ထံချဉ်းကပ်သောအခါ မနာလိုငြူစူခြင်းမှာ…

ဒီဒေး

ကျွန်ုပ်တို့ နှစ်ပေါင်းများစွာနေထိုင် လျက်ရှိသောအိမ်သို့ ကျွန်ုပ်တို့မိသားစု မည်သည့် အချိန်က ပြောင်းရွှေ့လာသည်ကို မှတ်မိလားဟု မကြာသေးမီက ကျွန်ုပ်အမ မေရီအန်းအား မေးခဲ့ သည်။ သူမက “နင်က ၉ လသားပဲရှိသေးတယ်။ အမေနဲ့အဖေက ရေဒီယိုနားထောင်ရင်း တစ်ညလုံး ပစ္စည်းပစ္စယတွေ ထုပ်ပိုးနေခဲ့တာကို ငါမှတ်မိ တယ်။ အဲဒီနေ့က ၁၉၄၄ ခုနစ် ဇွန်လ ၆ ရက်နေ့လေ၊ နော်မန်ဒီကမ်းခြေစစ်ဆင်ရေးအကြောင်း တိုက်ရိုက် အသံလွှင့်ချက်ကို သူတို့ နားထောင်နေခဲ့တာ” ဟု ပြောပြသည်။
ယနေ့သည် စနစ်တကျစီမံထားသော စစ်ဆင်ရေးအစပြုသည့် D-Day နေ့၏ အနှစ် ၇၀ ပြည့် နှစ်ပတ်လည်နေ့ဖြစ်သည်။ နှစ်များစွာကြာပြီး နောက် လူတစ်ဦးတစ်ယောက်၏ဘဝအသက်တာ တွင် ဆုံးဖြတ်ချက် (သို့) ဆက်ကပ်အပ်နှံမှု ပြုလုပ်သည့်အချိန်ကို D-Dayဟု ခေါ်ဝေါ်လာခဲ့သည်။
ရှေးဣသရေလပြည်တွင် အသက်အိုမင်းနေပြီဖြစ်သော သူတို့၏ခေါင်းဆောင် ယောရှုသည်…

ပုံကြီးချဲ့ခြင်း

သုံးလမျှ ဘုရားသခင်၏ လက်ရာတော် ကို အထက်စီးမှမြင်တွေ့ခဲ့ရပါသည်။ Norfolk
ရုက္ခဗေဒဥယျာဉ်၏ မြေပြင်မှ အထက်ပေ ကိုးဆယ်တွင် ဥယျာဉ်ဝန်ထမ်းများက ခေါင်းပြောင် လင်းယုန်မိသားစုတစ်ခု၏ အသိုက်ကို ချိန်ရွယ်ထား သော ကင်မရာတစ်ခုကို တပ်ဆင်ထားပြီးအွန်လိုင်း မှ ကြည့်ရှုခွင့်ပြုထားသည်။
ဥများမှ ငှက်ကလေးများပေါက်လာ သောအခါ ဖေဖေနှင့်မေမေ လင်းယုန်ငှက်တို့သည် ဂရုစိုက်ပြုစုကြပြီး အစာရှာခြင်း၊ အသိုက်စောင့် ခြင်းကို အလှည့်ကျ တာဝန်ယူကြသည်။  လင်းယုန်ငှက်ကလေးများ အမွေးနုလေးများ ပေါက်လာသော အချိန်တွင် မိဘနှစ်ပါးလုံး ပျောက်ကွယ်သွားသည်။ သူတို့အပေါ်သို့အန္တရာယ် ကျရောက်မည်ကို ကျွန်ုပ်စိုးရိမ်မိသည်။
ကျွန်ုပ်၏စိုးရိမ်မှုက အခြေအမြစ်မရှိပါ။ ကင်မရာကိုထိန်းချုပ်သူက ပုံကြီးချဲ့လိုက်သော အခါ အနားရှိသစ်ကိုင်းပေါ်တွင် မိခင်လင်းယုန်ငှက်မကြီး နားနေသည်ကို တွေ့ရသည်။
“ပုံကြီးချဲ့”သော ထိုရုပ်ပုံအကြောင်းကို စေ့စေ့တွေးသောအခါ ဘုရားသခင် စွန့်ပစ်သွားပြီးထင်ကာ ကြောက်ရွံ့ခဲ့သောအချိန်များကို စဉ်းစားမိသည်။ ဗာဂျီးနီးယား ပြည်နယ်ရှိ ထိုဥယျာဉ်၏ထိပ်စီးမှမြင်ကွင်းက ကျွန်ုပ်၏အမြင်သည်…